ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အား ဖျာပုံတွင် ရုံးထုတ်ခွင့်ပေး
************************
တပ်မတော်က ရာဇသတ်ကြီး ပုဒ်မ၅၀၅(က) အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ဦးကို သြဂုတ်လ၁၃ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ ဧရာဝတီရေတပ်စခန်းစစ်ဌာနချုပ် ရေတပ်ပင်မပစ္စည်းတပ်ရင်းမှ ဗိုလ်မှူးမင်းဇော်မိုးကို စစ်ဆေးခဲ့ပြီး သံချပ်စာသားတွေမှာ တပ်မတော်ကိုဝေဖန်တဲ့ စာသားတွေပါရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ရိုက်ကူး/တင်ဆက် - ကရိုင်နူးရာ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ