မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (၀၇-၁၇-၂၀၁၉)
*************************
အမေရိကန်သမ္မတ Donald Trump က သူ့ခန္ဓာကိုယ်ထဲမှာ လူမျိုးရေးခွဲခြားတဲ့စိတ် ပါမလာဘူးလို့ ပြော၊ အီရန်နိုင်ငံအနေနဲ့ အမေရိကန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒရှိပေမဲ့၊ အီရန်အပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန် ဘက်က ဖယ်ရှားပေးမှသာ တွေ့ဆုံဆွေးနွေးဖို့ဖြစ်နိုင်လိမ့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarif က ပြော၊ အမေရိကန်က တောင်ကိုရီးယားနဲ့ ရှေ့လထဲ ပူးတွဲစစ်ရေး လေ့ကျင့်မယ့်အစီအစဉ်ဟာ ၀ါရှင်တန်မှာကျင်းပမယ့် နျူကလီးယားအရေး ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ကြောင်း မြောက်ကိုရီးယားက သတိပေး စသည့်သတင်းတွေကိုဆက်လက်ကြည့်ရှုရမှာပါ။