ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် သကျမဟာမြတ်မုနိဘုရားပွဲ ဖျော်ဖြေရေးပွဲတွင် ပျက်ဆီးသွားသော ဖျော်ဖြေရေး စက်ပစ္စည်းများနှင့် ပွဲဝင်ကြေးအတွက် ဝယ်ထားသော လက်မှတ်ဖိုးများပါ ပြန်လျော်ပေးသွားမယ်လို့ ပွဲကန်ထရိုက်က ပြောကြားလိုက်ပါတယ်။
သကျမဟာမြတ်မုနိဘုရားပွဲ ဖျော်ဖြေရေးအစီအစဉ်အတွက် ငှားရမ်းထားတဲ့ အဆိုတော်တွေကို ပွဲကန်ထရိုက်မှ ငွေအကြေ မပေးချေတာကြောင့် အဆိုတော်များက သီချင်းမဆိုတော့ပဲ ပြန်သွားခဲ့ရာမှ ပွဲကြည့်ပရိတ်သတ်များမှ မကျေမနပ်ဖြစ်ကာ ပွဲကိုဖျက်ဆီးခဲ့ခြင်းဖြစ်သည်။