သစ်အချောထည်စက်ရုံမှ အလုပ်သမား ၂၀ ကျော် ဆန္ဒပြ
**********************
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြန်မာမေကောင်း သစ်အချောထည်စက်ရုံမှ အလုပ်သမား ၂၀ ကျော် ကြုံတွေ့နေရသောအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၁၈ ခုနှစ်၊သြဂုတ်လ ၁ ရက်၊နံနက်ပိုင်းမှစတင်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုမှုများပြုလုပ်စဉ်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ
အလုပ်သမားများဘက်မှ အချက်(၁၀)ချက်တောင်းဆိုလျက်ရှိပြီး လက်ရှိတွင် အလုပ်သမား ကိုယ်စားလှယ်(၃)ဦး၊အလုပ်ရှင်နှင့်သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများမှ ညှိုနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ကြောင်းသိရှိရသည်။
အလုပ်သမားများဘက်မှ အလုပ်ရှင်ထံ
၁။ အလုပ်သမားသမဂ္ဂကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲတာ အလိုမရှိ
၂။ သမဂ္ဂအဖွဲ့ဝင်များအား ခွဲခြားဆက်ဆံခြင်း အလိုမရှိ
၃။ အလုပ်သမား၏ဆန္ဒမပါဘဲ ဌာနပြောင်းရွှေ့မှု အလိုမရှိ
၎။ သန့်ရှင်းသောသောက်သုံးရေရရှိရေး ဒို့အရေး
၅။ လုံလောက်သော နားနေဆောင်ထားရှိပေးရေး ဒို့အရေး
၆။ ကျွမ်းကျင်စရိတ်ရရှိရေး ဒို့အရေး
ရ။ ယခင်ပေးမြဲဖြစ်သော နှစ်တိုးကြေး၊ ရက်မှန်ကြေးများ ပြန်လည်ရရှိရေး ဒို့အရေး
၈။ လေဝင်လေထွက်ကောင်းမွန်အောင်ဆောင်ရွက်ပေးရေး ဒို့အရေး
၉။ ကျန်းမာရေးနှင့် မညီညွတ်သော ကုန်ကြမ်းပစ္စည်းများအားလုပ်ဆောင်ရာတွင် အဆင့်မြင့်သော စက်ပစ္စည်းများတပ်ဆင်ပေးရေး ဒို့အရေး
၁၀။ စက်ရုံအတွင်း ဆေးပေးခန်းနှင့် ကျန်းမာရေးမှူးထားရှိပေးရေး ဒို့အရေး စသည့်အချက်များတောင်းဆိုလျက်ရှိသည်။
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ