ကော့မူးမှာ လယ်သမားတစ်ရာလောက်လမ်းလျှောက်ဆန္ဒပြ
ဇူလိုင်-၁ ၊၂၀၁၈
မြေယာမြေကိစ္စတွေကို အစိုးရ ကဖြေရှင်းပေးဖို့အတွက် လယ်သမား တစ်ရာလောက်ဟာ ကော့မူးမြို့နယ်က နေ လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။
ကော့မူးမြို့နယ် စတင်လမ်းလျှောက်ချီတက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကာ ရန်ကုန်မြို့ မြို့တော်ခန်းမ ထိ ချီတက်ဆန္ဒထုတ်ဖော်မယ်လို့သိရပါတယ်။
ညနေပိုင်းမှာတော့ တွံတေးမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပြီး ခေတ္တရပ်နား တစ်ညအိပ်မှာဖြစ်ပြီးမနက်ဖြန်မှာ ရန်ကုန်မြိုကို ဆက်လက်ချီတက်မယ်လို့ ဆိုကြပါတယ်။
ဒီကနေ့ လမ်းလျှောက် ဆန္ဒပြရတာဟာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာမြေပြသနာတွေကို အစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ်အနေနဲ့ ဖြေရှင်းပေးမှု တစုံတရာ မရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့ရဲ့ ဥက္ကဌ ဒေါ်စုစုနွေးက အခုလို ဆိုပါတယ်။
လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ရာမှာ ၁၈၉၄ မြေသိမ်းဥပဒေနဲ့ မညီ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထဲ အမြန်းဆုံး ပြန်လည်အပ်နှံပေးဖို့၊ လယ်/စီအဆင့်ဆင့်ကို အရေးယူပေးမယ့် ဥပဒေတွေကို အမြန်ဆုံး ပြဌာန်းပေးဖို့၊ မြေယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို အစိုးရက ပြင်ဆင်၊ ရေးဆွဲ၊ ပြဌာန်းရာမှာ လယ်သမားအဖွဲ့အစည်းတွေ၊ တောင်သူလယ်သမားတွေကို ပါဝင်ခွင့်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ တောင်းဆိုခဲ့ကြပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေးသူဇာ