¡Sorpréndeme!

မွေးရာပါ ခြေခွင်ကလေးတွေအတွက် အထိမ်းအမှတ်နေ့ ဇွန်-၄၊ ၂၀၁၈မွေးရာပါခြေခွင်ရောဂါခံစားနေရတဲ့ကလေးငယ်တွေကိုရည်ရွယ်ပြီးပြုလုပ်တဲ့ World Clubfoot Day အခမ်းအနားကို ဒီက

2018-06-08 12 Dailymotion

မွေးရာပါ ခြေခွင်ကလေးတွေအတွက် အထိမ်းအမှတ်နေ့
ဇွန်-၄၊ ၂၀၁၈

မွေးရာပါခြေခွင်ရောဂါခံစားနေရတဲ့ကလေးငယ်တွေကိုရည်ရွယ်ပြီးပြုလုပ်တဲ့ World Clubfoot Day အခမ်းအနားကို ဒီကနေ့ ဇွန်လ၄ရက်က ရန်ကုန်ကလေးဆေးရုံကြီးမှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို သြစတြေးလျ အခြေစိုက် မွေးရာပါခြေခွင်ရောဂါကုသရေးအဖွဲ့ (Walk for life)နဲ့miracle feetတို့ပူးပေါင်းပြီး ရန်ကုန်ကလေးဆေးရုံကြီးမှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့ Walk for lifeတို့ပူးပေါင်းပြီး ရန်ကုန်ကလေးဆေးရုံကြီးမှာ မွေးရာပါခြေခွင်ကလေးငယ်တွေကို ခွဲစိတ်ကုသစရာမလိုတဲ့ကုသနည်းဖြစ်တဲ့ ပွန်စတီနည်းလမ်းနဲ့ ကုသမှုတွေပေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကနေ လက်ရှိအချိန်အထိ မွေးရာပါခြေခွင်ကလေးငယ်(၂၂၀)ကို ဆေးကုသမှုတွေ ပေးနေတယ်လို့သိရပါတယ်။

မွေးရာပါခြေခွင်ကလေးငယ်တွေကို ခွဲစိတ်ကုသစရာမလိုတဲ့ကုသနည်းဖြစ်တဲ့ ပွန်စတီနည်းလမ်းနဲ့ ကုသမှုတွေပေးနေတာနဲ့ပတ်သက်ပြီး ကလေးမိဘတစ်ဦးက အခုလိုပြောပါတယ်။

ရန်ကုန်ကလေးဆေးရုံကြီးမှာ မွေးရာပါခြေခွင်ကလေးငယ်တွေကို ၂၀၁၁ခုနှစ်မှာ စတင်ကုသမှုတွေပေးခဲ့ပြီး အရိုး ခွဲစိတ်ပြင်ပလူနာဌာနမှာ အပတ်စဉ် တနင်္လာနေ့နဲ့သောကြာနေ့တွေမှာ ကုသမှုတွေဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ ကလေးငယ် ၁,၅၀၀ ခန့်ဟာ မွေးရာပါခြေခွင်ရောဂါကို ခံစားနေရပြီး မြန်မာနိုင်ငံမှာတော့ ကလေးငယ်တစ်ထောင်မှာ တစ်ဦးနှုန်း မွေးရာပါခြေခွင်ရောဂါကို ခံစားနေရတယ်လို့ Walk for life မှ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး