ဆန္းသစ္တဲ့အခ်စ္ဇာတ္လမ္းတစ္ပုဒ္အျဖစ္ ၾကည့္ရႈရမယ့္ “င့ါကိုနမ္းတဲ့ မုန္တိုင္း”
ေမ -၂၉ ၊၂၀၁၈
သရုပ္ေဆာင္ လႊမ္းပိုင္၊ ရဲရင့္ေအာင္ ၊ အကယ္ဒမီေဖြးေဖြးတို႔ရဲ႕ အတြဲဆန္းဆန္းရိုက္ကူးပံုေဖာ္ထားတဲ့ “င့ါကိုနမ္းတဲ့ မုန္တုိင္း” ရုပ္ရွင္ဇာတ္ကားႀကီးကို လာမယ့္ ဇြန္လ ၁ ရက္ေန႔မွာ ရံုတင္ျပ သေတာ့ မွာျဖစ္ပါတယ္။
ဆန္းသစ္တဲ့အခ်စ္ဇာတ္လမ္းတစ္ပုဒ္အျဖစ္ ပရိသတ္ေတြၾကည့္ရႈရမွာျဖစ္ၿပီး ဂီတေလာကမွာ နာမည္ရေနတဲ့ လႊမ္းပိုင္နဲ႔ရဲရင့္ေအာင္တို႔ရဲ႕ ပြဲဦးထြက္ ရုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။
အတြဲဆန္းစြာ သရုပ္ေဆာင္မႈေတြနဲ႔အတူ သံုးေယာက္ထဲမွာ အႏုပညာအရစီနီယာက်တဲ့ အကယ္ဒမီေဖြးေဖြး ကေတာ့ ဒီကားနဲ႔ပတ္သက္ျပီး သူတို႔သံုးေယာက္စလံုး အစြမ္းကုန္ႀကိဳးစားထားၾကတယ္လုိ႔ ဆိုလာပါတယ္။
ငါ့ကိုနမ္းတဲ့ မုန္တုိင္း ရုပ္ရွင္ကို ဒါရိုက္တာ ဝင္းလြင္ထက္နဲ႔ ေအာင္ေဇာ္လင္းတို႔က ရုိက္ကူးပံုေဖာ္ခဲ့တာျဖစ္ၿပီး ရံုတင္ျပသမယ့္ ပထမဆံုးေန႔မွာေတာ့ ပါဝင္တဲ့အနုပညာရွင္မ်ားက မႏၱေလးျမိဳ႕မွာ ပရိသတ္ေတြနဲ႔ေတြ႔ဆံုသြားမယ္လို႔ သိရပါတယ္။
ရုပ္သံသတင္းေထာက္ - ေအးျမတ္
#ငါ့ကိုနမ္းတဲ့မုန္တိုင္း #ေဖြးေဖြး #ဝင္းလြင္ထက္ #ရဲရင့္ေအာင္ #လႊမ္းပိုင္ #ရုပ္ရွင္ #LocalNews #7DayNews #7DayTV
======================================================
(Unicode)
ဆန်းသစ်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ကြည့်ရှုရမယ့် “င့ါကိုနမ်းတဲ့ မုန်တိုင်း”
မေ -၂၉ ၊၂၀၁၈
သရုပ်ဆောင် လွှမ်းပိုင်၊ ရဲရင့်အောင် ၊ အကယ်ဒမီဖွေးဖွေးတို့ရဲ့ အတွဲဆန်းဆန်းရိုက်ကူးပုံဖော်ထားတဲ့ “င့ါကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ရုံတင်ပြ သတော့ မှာဖြစ်ပါတယ်။
ဆန်းသစ်တဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပရိသတ်တွေကြည့်ရှုရမှာဖြစ်ပြီး ဂီတလောကမှာ နာမည်ရနေတဲ့ လွှမ်းပိုင်နဲ့ရဲရင့်အောင်တို့ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။
အတွဲဆန်းစွာ သရုပ်ဆောင်မှုတွေနဲ့အတူ သုံးယောက်ထဲမှာ အနုပညာအရစီနီယာကျတဲ့ အကယ်ဒမီဖွေးဖွေး ကတော့ ဒီကားနဲ့ပတ်သက်ပြီး သူတို့သုံးယောက်စလုံး အစွမ်းကုန်ကြိုးစားထားကြတယ်လို့ ဆိုလာပါတယ်။
ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ကို ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ အောင်ဇော်လင်းတို့က ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး ရုံတင်ပြသမယ့် ပထမဆုံးနေ့မှာတော့ ပါဝင်တဲ့အနုပညာရှင်များက မန္တလေးမြို့မှာ ပရိသတ်တွေနဲ့တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - အေးမြတ်
#ငါ့ကိုနမ်းတဲ့မုန်တိုင်း #ဖွေးဖွေး #ဝင်းလွင်ထက် #ရဲရင့်အောင် #လွှမ်းပိုင် #ရုပ်ရှင် #LocalNews #7DayNews #7DayTV