¡Sorpréndeme!

တစ်နှစ်ခွဲနီးပါးကြာတဲ့အခါ ရန်ကုန်ညဈေးတန်းဘာတွေပြောင်းလဲသွားပြီလဲမေ - ၂၉ ၊၂၀၁၈ရန်ကုန်မြို့ရဲ့ ညဈေးတန်းကို မေလ ၂၉ရက်ညပိုင်းက မြင်တွေ့ရတာ ဖြစ်ပါတယ်။တစ်နှစ်

2018-06-02 2 Dailymotion

တစ်နှစ်ခွဲနီးပါးကြာတဲ့အခါ ရန်ကုန်ညဈေးတန်းဘာတွေပြောင်းလဲသွားပြီလဲ

မေ - ၂၉ ၊၂၀၁၈

ရန်ကုန်မြို့ရဲ့ ညဈေးတန်းကို မေလ ၂၉ရက်ညပိုင်းက မြင်တွေ့ရတာ ဖြစ်ပါတယ်။

တစ်နှစ်ခွဲနီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်ညဈေးတန်းကို ပြောင်းလဲမှုတွေ လုပ်ဖို့ တိုင်းအစိုးရက အာရုံ စိုက်နေပြီး လက်ရှိညဈေးဟာ ဖြစ်သလိုရောင်းချနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

ကမ်းနားလမ်းညဈေးတန်းကို လေ့လာဆန်းစစ်မှုတွေ လုပ်ဖို့ A25ကုမ္ပဏီနဲ့ ဦးဖြိုးမင်းသိန်းတို့ ပြီးခဲ့တဲ့ မေလ၂၀ရက်က တွေ့ဆုံထားခဲ့ပေမယ့် သတင်းအသေးစိတ်ကို ဖော်ပြထားခြင်း မရှိပါဖူး။

ရန်ကုန်မြို့မှာ ပထမဆုံး ညဈေးကို တိုင်းအစိုးရ က ဦးစီးပြီး ကမ်းနားလမ်းမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်က စပြီးဖွင့်လှစ်ခဲ့တာပါ။

ရန်ကုန်မြို့ရဲ့ မြို့တွင်းမြို့ နယ်လေးခု ဖြစ်တဲ့ ပန်းဘဲတန်း ၊ ကျောက်တံတား ၊ လသာ ၊လမ်းမတော် တို့မှာရှိတဲ့ အဓိက လမ်းမ ၁၁ ခုပေါ်က ဈေးသည်တွေကို ညဈေးတန်းကိုရွေ့ပြောင်းခဲ့တာဖြစ်လည်းဖြစ်ပါတယ်။
ညဈေးတန်းကို တော့ ကမ်းနားလမ်းတလျောက် မဟာဗန္ဓူလပန်းခြံလမ်းနဲ့ ဘဏ်လမ်းတို့မှာ အကောင် အထည် ဖော်ထားတာဖြစ်ပါတယ်။


#Yangon #YangonNightBazzer #NightBazzer #ညဈေးတန်း #ရန်ကုန်ညဈေး #LocalNews #7DayNews #7DayTV
==================================================
(Unicode)

တစ်နှစ်ခွဲနီးပါးကြာတဲ့အခါ ရန်ကုန်ညစျေးတန်းဘာတွေပြောင်းလဲသွားပြီလဲ

မေ - ၂၉ ၊၂၀၁၈
ရန်ကုန်မြို့ရဲ့ ညစျေးတန်းကို မေလ ၂၉ရက်ညပိုင်းက မြင်တွေ့ရတာ ဖြစ်ပါတယ်။

တစ်နှစ်ခွဲနီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ရန်ကုန်ညစျေးတန်းကို ပြောင်းလဲမှုတွေ လုပ်ဖို့ တိုင်းအစိုးရက အာရုံ စိုက်နေပြီး လက်ရှိညစျေးဟာ ဖြစ်သလိုရောင်းချနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

ကမ်းနားလမ်းညစျေးတန်းကို လေ့လာဆန်းစစ်မှုတွေ လုပ်ဖို့ A25ကုမ္ပဏီနဲ့ ဦးဖြိုးမင်းသိန်းတို့ ပြီးခဲ့တဲ့ မေလ၂ဝရက်က တွေ့ဆုံထားခဲ့ပေမယ့် သတင်းအသေးစိတ်ကို ဖော်ပြထားခြင်း မရှိပါဖူး။

ရန်ကုန်မြို့မှာ ပထမဆုံး ညစျေးကို တိုင်းအစိုးရ က ဦးစီးပြီး ကမ်းနားလမ်းမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်က စပြီးဖွင့်လှစ်ခဲ့တာပါ။

ရန်ကုန်မြို့ရဲ့ မြို့တွင်းမြို့ နယ်လေးခု ဖြစ်တဲ့ ပန်းဘဲတန်း ၊ ကျောက်တံတား ၊ လသာ ၊လမ်းမတော် တို့မှာရှိတဲ့ အဓိက လမ်းမ ၁၁ ခုပေါ်က စျေးသည်တွေကို ညစျေးတန်းကိုရွေ့ပြောင်းခဲ့တာဖြစ်လည်းဖြစ်ပါတယ်။
ညစျေးတန်းကို တော့ ကမ်းနားလမ်းတလျောက် မဟာဗန္ဓူလပန်းခြံလမ်းနဲ့ ဘဏ်လမ်းတို့မှာ အကောင် အထည် ဖော်ထားတာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

#Yangon #YangonNightBazzer #NightBazzer #ညစျေးတန်း #ရန်ကုန်ညစျေး #LocalNews #7DayNews #7DayTV