¡Sorpréndeme!

ေမာ္စကို ၿမိဳ႕လယ္မွာ ေရာင္စံု မီးဆလုိက္ေတြ ထြန္းညႇိၿပီး ကမာၻ႕ဖလားကို ႀကိဳဆိုဇြန္ - ၂ ၊၂၀၁၈ ကမာၻ႕ဖလားကို ႀကိဳဆို ဂုဏ္ျပဳတဲ့ အေနနဲ႔ ႐ုရွားႏုိင္ငံ၊ ေမာ္စကို ၿ

2018-06-02 9 Dailymotion

ေမာ္စကို ၿမိဳ႕လယ္မွာ ေရာင္စံု မီးဆလုိက္ေတြ ထြန္းညႇိၿပီး ကမာၻ႕ဖလားကို ႀကိဳဆို

ဇြန္ - ၂ ၊၂၀၁၈

ကမာၻ႕ဖလားကို ႀကိဳဆို ဂုဏ္ျပဳတဲ့ အေနနဲ႔ ႐ုရွားႏုိင္ငံ၊ ေမာ္စကို ၿမိဳ႕လယ္ ရင္ျပင္မွာ ညစဉ္ညတိုင္း ေဘာလံုးနဲ႔ ပတ္သက္လုိ႔ ပံုေဖာ္ထားတဲ့ ေရာင္စံု ဆလုိက္မီးေရာင္ေတြ ထြန္းညႇိထားပါတယ္။

ေမာ္စကိုက မန္ဇာစင္တာ ျပပြဲခန္းမ မ်က္ႏွာစာကို ပိတ္ကားလို အသံုးျပဳၿပီး ေရာင္စံု ေလဆာ ဆလုိက္မီးေရာင္ေတြနဲ႔ အလွဆင္ ပံုေဖာ္ထားတာ ျဖစ္ပါတယ္။

ဒီသ႐ုပ္ျပမႈဟာ ေမာ္စကို ျပည္သူေတြရဲ႕ ကမာၻ႕ဖလားနဲ႔ ပတ္သက္လုိ႔ ရင္ခုန္ စိတ္လႈပ္ရွား ေမွ်ာ္လင့္ေနမႈကို ထင္ဟပ္ ေပၚလြင္ေစဖို႔ ျဖစ္တယ္လုိ႔ စီစဉ္သူ ဗလာဒီမာ ဒမ္ေယာ့ရွ္ကင္က ေျပာပါတယ္။

ေလးႏွစ္တစ္ခါ ဆင္ႏႊဲေလ့ရွိတဲ့ ကမာၻ႕ ဂုဏ္သိကၡာ အႀကီးျမင့္ဆံုး ေဘာလံုးၿပိဳင္ပြဲႀကီးကို ဇြန္လလယ္ကစလို႔ ႐ုရွားႏုိင္ငံမွာ အိမ္ရွင္အျဖစ္ လက္ခံ က်င္းပသြားမွာ ျဖစ္ပါတယ္။

ကမာၻ႕ဖလားကို ႀကိဳဆိုထားတဲ့ မီးအလွ ျပကြက္ အစီအစဉ္ေတြကိုေတာ့ ေမလကုန္ကေန ဇြန္လ ၁၀ ရက္ထိ ညစဉ္ညတိုင္း ထြန္းညႇိ ျပသသြားမယ္လုိ႔ သိရပါတယ္။

#ကမာၻ႕ဖလား #ေမာ္စကို #ေရာင္စုံဆလိုက္မီး #7DAY TV #International News

(Unicode)

မော်စကို မြို့လယ်မှာ ရောင်စုံ မီးဆလိုက်တွေ ထွန်းညှိပြီး ကမ္ဘာ့ဖလားကို ကြိုဆို

ဇွန် - ၂ ၊၂၀၁၈

ကမ္ဘာ့ဖလားကို ကြိုဆို ဂုဏ်ပြုတဲ့ အနေနဲ့ ရုရှားနိုင်ငံ၊ မော်စကို မြို့လယ် ရင်ပြင်မှာ ညစဉ်ညတိုင်း ဘောလုံးနဲ့ ပတ်သက်လို့ ပုံဖော်ထားတဲ့ ရောင်စုံ ဆလိုက်မီးရောင်တွေ ထွန်းညှိထားပါတယ်။

မော်စကိုက မန်ဇာစင်တာ ပြပွဲခန်းမ မျက်နှာစာကို ပိတ်ကားလို အသုံးပြုပြီး ရောင်စုံ လေဆာ ဆလိုက်မီးရောင်တွေနဲ့ အလှဆင် ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီသရုပ်ပြမှုဟာ မော်စကို ပြည်သူတွေရဲ့ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ ရင်ခုန် စိတ်လှုပ်ရှား မျှော်လင့်နေမှုကို ထင်ဟပ် ပေါ်လွင်စေဖို့ ဖြစ်တယ်လို့ စီစဉ်သူ ဗလာဒီမာ ဒမ်ယော့ရှ်ကင်က ပြောပါတယ်။

လေးနှစ်တစ်ခါ ဆင်နွှဲလေ့ရှိတဲ့ ကမ္ဘာ့ ဂုဏ်သိက္ခာ အကြီးမြင့်ဆုံး ဘောလုံးပြိုင်ပွဲကြီးကို ဇွန်လလယ်ကစလို့ ရုရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကို ကြိုဆိုထားတဲ့ မီးအလှ ပြကွက် အစီအစဉ်တွေကိုတော့ မေလကုန်ကနေ ဇွန်လ ၁၀ ရက်ထိ ညစဉ်ညတိုင်း ထွန်းညှိ ပြသသွားမယ်လို့ သိရပါတယ်။

#ကမ္ဘာ့ဖလား #မော်စကို #ရောင်စုံဆလိုက်မီး #7DAY TV #International News