¡Sorpréndeme!


2018-05-12 3 Dailymotion


မေ-၆၊ ၂၀၁၈




(Unicode)

ထိုင်းလိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းပြနေတဲ့ အောင်သူရဲ့ ဂိုးအရေအတွက်

မေ-၆၊ ၂၀၁၈
မကြာသေးမီကဘဲ ဧပြီလရဲ့အကောင်းဆုံးကစားသမားအဖြစ် အရွေးခံထားရတဲ့ အောင်သူဟာ မနေ့က PoliceTeroရဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ဂိုး သွင်းခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် နံမည်ကြီးအားကစားမီဒီယာ Goal.comရဲ့ ဧပြီလအတွင်း ထိုင်းလိဂ်အကောင်းဆုံးရွေးခံထားရသူ အောင်သူဟာ မနေ့က မေလငါးရက်နေ့က AirForceCentralအသင်းကို အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူခဲ့တာပါ။

နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အောင်သူရဲ့အနိုင်ဂိုးကြောင့် PoliceTeroဟာ ရမှတ်နှစ်ဆယ်နဲ့ အဆင့်၁၂နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့်လေးနေရာက PortFc နဲ့ နှစ်မှတ်သာ ကွာဟပါတယ်။

အောင်သူဟာ ထိုင်းလိဂ်ပွဲစဉ် ၁၃ပွဲမှာ ၈ဂိုးသွင်းထားပြီး ပြီးခဲ့သည့် ဧပြီအတွင်းမှာတင် ငါးဂိုးထိသွင်းနိုင်ခဲ့တာပါ။
ရုပ်သံသတင်းထောက်-မြတ်သီဟမောင်

#7DayTV #Internationalnews #အောင်သူ #Aungthu