¡Sorpréndeme!

မန္တလေးမြို့မှ အမှိုက်များကို နေ့စဉ်စွန့်ပစ်ရာ နေရာဖြစ်သော ကြာနီကန်နှင့် တောင်အင်းမြောက်အင်းအမှိုက်ကျင်းများရှိ စွန့်ပစ်အမှိုက်များကို မီးလောင်မှုမဖြစ်ပွားစေရန် အတွက

2018-04-28 10 Dailymotion

မန္တလေးမြို့မှ အမှိုက်များကို နေ့စဉ်စွန့်ပစ်ရာ နေရာဖြစ်သော ကြာနီကန်နှင့် တောင်အင်းမြောက်အင်းအမှိုက်ကျင်းများရှိ စွန့်ပစ်အမှိုက်များကို မီးလောင်မှုမဖြစ်ပွားစေရန် အတွက် ကြိုတင်ဆောင်ရွက်ထားမှုများနှင့် ပတ်သက်ပြီး မဇ္ဈိမသတင်းဌာနမှ မေးမြန်းမှုကို ဦးစိုးတင်အောင်(Assistant Director/MCDC Cleansing Department) မှ ပြန်လည်ဖြေကြားစဉ်။
(ရိုက်ကူး ဘိုဘို မဇ္ဈိမ)

ရန်ကုန်မြို့၊လှိုင်သာယာမြို့ နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ ယခုအခါ မန္တလေးမြို့တွင်လည်း ကြာနီကန်နှင့် တောင်အင်းမြောက်အင်းမှ အမှိုက်ကျင်းမျာရှိ စွန့်ပစ်အမှိုက်များကို မီးလောင်မှုမဖြစ်ပွားစေရန် နေ့စဉ်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေပြီး၊ အမှိုက်ပုံတွင်အမှိုက်ကောက်သောသူများကိုလည်း မီးကိုစည်းကမ်းရှိစွာ သတိထားသုံးစွဲကြရန်နှင့် နီးစပ်ရာ ကျေးရွာများကိုလည်း အမှိုက်ပုံမှ မီးခိုးထွက်နေခြင်း၊ မီးလောင်နေခြင်းများကို တွေ့ရှိပါက မီးသတ်တပ်ဖွဲ့များ၊သ က်ဆိုင်ရာ ဌာနများကို အမြန်ဆုံးအကြောင်းကြားရန် စီစဉ်ညွှန်ကြားမှုများပြုလုပ်ထားကြောင်း သိရသည်။

မန္တလေးမြို့မှ နေ့စဉ်စွန့်ပစ်အမှိုက် တန် (၉၀၀)ခန့်ရှိကာ၊ လက်ရှိစွန့်ပစ်နေသော အမှိုက်ကျင်းနှစ်ခုပေါင်းအကျယ်မှာ ဧက(၄၀) ကျော်(၅၀)ခန့်ရှိပြီး၊မန္တလေးမြို့တွင် စနစ်ကျသော အမှိုက်ကျင်းများပြုလုပ်သွားရန် နိုင်ငံခြားပညာရှင်များနှင့် ပူးပေါင်းကာဆောင်ရွက်သွားမည့် အစီစဉ်များလည်းရှိကြောင်း သိရသည်။