လက်ရှိ အချိန်ဟာ ချစ်ခြင်း မုန်းခြင်းတွေကို ခွာချပြီး နိုင်ငံအတွက် ကျောခြင်းကပ်ထားရမယ့် အချိန် ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောလိုက်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်က ပြုလုပ်တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
၈၈ မျိုးဆက်အနေနဲ့ စက်တင်ဘာ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲက ကျေးရွာတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
မောင်တောဒေသမှာ အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေဟာ နှစ်သောင်းကျော်ရှိခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ၁၁ရက်နေ့မှာ ပြောဆိုထားခဲ့ပါတယ်။
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်