လတ်တလော ထွက်ပေါ်နေတဲ့ ကောလဟလတွေကို ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ အတွက် ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဦးစီးမှူး ( ပထမတန်း ) ဒုတိယ ရဲမှူး ကြီး ခင်မောင်လတ်က ပြောပါတယ်။ လူမှုကွန်ရက် စာမျက်နှာ အချို့မှာ ဧရာဝတီတိုင်း အတွင်းမှာ ခိုးဝင်ဘင်္ဂါလီ အကြမ်းဖက်သမားတွေရှိနေတယ်လို့ ရေးသားမှုတွေ ရှိနေတဲ့အတွက် အဲဒီလို ရေးသားမှုတွေအပေါ်မှာ မယုံကြည်ကြဖို့ ဆိုလာတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးမှာ ရဲတပ်ဖွဲ့ဝင်တွေ က နေရာညပါ ကင်းလှည့် စောင့်ကြပ်နေကြပါတယ်။
သွေးထိုးလှုံဆော်မှုတွေကြောင့် ဒေသအတွင်း နှစ်ပေါင်းများစွာ အတူနေထိုင်လာတဲ့ အခြားဘာသာ ဝင်တွေနဲ့ အထင်အမြင် လွဲမှားတာတွေ ၊ မလိုလားအပ်တဲ့ ပြသာနာတွေ မဖြစ်ဖို့ ဘာသာရေးအဖွဲ့ အစည်း တွေနဲ့ ညှိနှိုင်းဆွေးနွေးထားပြီး ဧရာဝတီတိုင်း အတွင်းမှာလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
ဒါအပြင် ပြည်သူတွေအနေနဲ့ ကောလဟလ တွေကိုမယုံကြည်ဘဲ သတင်းအမှန်ကို သက်ဆိုင်ရာ ဌာန တွေက စုံစမ်းသင့်တယ်လို့လည်း အကြံပြုပါတယ်။
ရုပ်သံသတင်းထောက် - သက်ဆွေ