¡Sorpréndeme!

ရခိုင်အရေး မကွေးမှာ အသက် ရှစ်ဆယ်ကျော်စစ်မှုထမ်းဟောင်းတစ်ဦး ဆန္ဒထုတ်ဖော်

2017-10-07 1 Dailymotion

ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့နဲ့ အပြစ်မဲ့ ပြည်သူတွေ ကျဆုံးခဲ့တဲ့ အပေါ် အစိုးရက တာဝန်ယူဆောင်ရွက်ပေးဖို့တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုရှိခဲ့ပါတယ်။

မနေ့က သြဂုတ်လ ၃၁ ရက် မနက်ပိုင်းက အသက် ၈၇ နှစ် အရွယ်ရှိ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးစောမြင့်က မကွေးမြို့ပေါ်မှာ လမ်းလျှောက်ပြီးဆန္ဒထုတ်ဖော်ခဲ့တာပါ။ အကြမ်းသမားတွေကြောင့်ထပ်မံ ကျဆုံးမှုတွေမဖြစ်ရအောင် လုံခြုံရေး တိုးမြှင့်ပေးဖို့ ဦးစောမြင့်က တောင်းဆိုပါတယ်။

သူ့အနေနဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေကို ရှုံချသလို ပြည်တွင်း ပြည်ပကပါ ဝိုင်းဝန်းကန့်ကွက် ကြဖို့ တိုက်တွန်းချင်တယ်လို့လည် ပြောခဲ့ပါတယ်။

ရုပ်သံသတင်းထောက် - မိုးကျော်