¡Sorpréndeme!

မိစန္ဒီရဲ့ မွေးနေ့ကို ဘယ်လိုဖြတ်သန်းမလဲ

2017-10-07 1 Dailymotion

ဒီလ ဇွန် ၁၂ ရက်ဟာ မိစန္ဒီရဲ့ မွေးနေ့ဖြစ်ပါတယ်။

တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ မိစန္ဒီအနေနဲ့ ဒီနှစ်မွေးနေ့မှာလည်း တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာ တစ်ခုမှာ သွားလှူဖြစ်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် မိသားစုနဲ့အတူ ဘုရားတက်ပြီး ညပိုင်းမှာလည်း သူချစ်ရတဲ့ Under Dawg ဖျော်ဖြေပွဲမှာ ပရိသတ်တွေနဲ့ အတူရှိမယ်လို့ ဆိုလာပါတယ်။

သူမရဲ့တတိယအခွေကိုလည်း မွေးနေ့မှာဖြန့်ချိဖို့ ရည်ရွယ်ထားပေမယ့်လည်း နေရာအခက်အခဲကြောင့် ဇွန်လ ၁၇ ရက်မှ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဖြန့်ချိတဲ့နေ့မှာလည်း ရန်ကုန်မြို့က လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး တခြား အနုပညာရှင်တွေနဲ့အတူ အမှတ်တရ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။


ရုပ်သံသတင်းထောက် - အေးမြတ်