¡Sorpréndeme!

မွန်းအောင်ရဲ့ တစ်ကိုယ်တော်ညနဲ့ သူ့ပရိသတ်

2017-10-06 4 Dailymotion

အဆိုတော် မွန်းအောင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲက မွန်းအောင်နဲ့ မွန်းအောင်သီချင်းတွေကို တမ်းတနေတဲ့ ပရိသတ်အတွက် ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ လွမ်းခဲ့ရတဲ့ညတွေ အတွက်လို့ နာမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၅ ရက်ညက အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။
ဖျော်ဖြေပွဲကို အပိုင်းနှစ်ပိုင်းခွဲ တင်ဆက်ပေးခဲ့ပြီးတော့ တေးသီချင်း သုံးဆယ်ကျော်ကို တစ်ကိုယ်တော် ဖျော်ဖြေပေးခဲ့တာပါ။ ပထမပိုင်းနဲ့ ဒုတိယပိုင်းဖျော်ဖြေမှု အကြားမှာ မွန်းအောင်ရဲ့သမီးက သီချင်းတစ်ပုဒ် သီဆိုဖျော်ဖြေခဲ့ပါတယ်။
မွန်းအောင်ရဲ့နာမည်ကြီး သီချင်းတွေထဲက “အရေးကြီးပြီ” သီချင်းကို ပရိသတ်တွေကည်း အင်တိုက်အားတိုက် ပါဝင်သီဆိုခဲ့ကြတာပါ။ မွန်းအောင်ရဲ့ အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ၈/၈၂ အင်းလျားသီချင်းကိုလည်း ပရိတ်သတ်တွေတောင်းဆိုတာကြောင့် ကျချင် ဗမာ နှစ်ဘာသာနဲ့ သီဆိုခဲ့ပါတယ်။ ဖျော်ဖြေပွဲကို ပရိတ်သတ်အလွှာစုံလာခဲ့ပြီး ဦးမင်းကိုနိုင်ကိုလည်း တွေ့ခဲ့ရပါတယ်။
ရုပ်သံသတင်းထောက် - ဇွဲဉာဏ်