လုံခြုံရေးအရ နယ်စပ်ဖြတ်ကျော်တင်ပို့ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မယ့်ဝါးတစ်ချို့ ပျက်စီးမှုကြုံတွေ့နေရကြောင်း သိရပါတယ်၊၊ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့ မောင်တောချောင်း အတွင်းမှာ ဖောင်ဖွဲ့ထားတဲ့ ဝါးဖောင် ရှစ်ဖောင်ရှိနေပြီးတော့ ဝါးဖောင်တစ်ဖောင်ရဲ့ ကာလတန်ဖိုးဟာ သိန်းတစ်ရာကျော်ဖိုးရှိတယ်လို့ ဝါးကုန်သွယ်သူတစ်ဦးက ပြောပါတယ်၊၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က မောင်တော-ဘင်္ဂလားဒေ့ရှ် ဝါးတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်၊၊
ရုပ်သံသတင်းထောက် -မောင်ကံ