¡Sorpréndeme!

တိုယိုတာကားများ ပြည်တွင်း၌ထုတ်လုပ်ရန် အစိုးရကိုတင်ပြတော့မည်

2017-06-20 2 Dailymotion

ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းနဲ့ ပူးပေါင်းပြီး ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်နိုင်ရေးအတွက် မကြာမီမှာ အစိုးရကို တင်ပြတော့မှာဖြစ်ပါတယ်။
ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်ရေးအတွက် တိုယိုတာကုမ္ပဏီနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းတို့အကြာင်း လက်ရှိအချိန်မှာ ညှိုနိုင်းမှုတွေဆောင်ရွက်ထားပြီး မကြာမီ အစိုးရကို တင်ပြသွားမှာဖြစ်ပါတယ်။
တိုယိုတာကားထုတ်လုပ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အစိုးရ၀န်ကြီးဌာနတွေနဲ့ လာရောက်ညှိနှိုင်းဖူးပါတယ်။ ဒါပေမယ့် ပြည်တွင်းမော်တော်ကားထုတ်လုပ်မှုနဲ့ ဆိုင်တဲ့ မူဝါဒမရှိသေးတာကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။