¡Sorpréndeme!

၂၀၁၇ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဖို့ ဘယ်လို စိန်ခေါ်မှုတွေရှိနေလဲ

2017-06-16 1 Dailymotion

အစိုးရသစ် (၁၀) လတာ ကာလအတွင်း မြန်မာနိုင်ငံမှာ ၂၁ ရာစု ပင်လုံလိုမျိုး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ခဲ့သလို၊ တိုက်ပွဲတွေလည်း ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ မကြာခင်မှာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပတော့မှာပါ။ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အတွက် စိုးရိမ်မှုတွေ ရှိနေသလို စစ်ပွဲတွေရပ်ဖို့ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို တောင်းဆိုတဲ့ လူထုလှုပ်ရှားမှုတွေလည်း ပေါ်ပေါက်နေပါတယ်။ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်ဖို့ စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ။