ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို တင်ဆက်ပေးသွားမှာပါ။
ပေါ်တူဂီ ပရိတ်သတ်တွေရဲ့ အောင်ပွဲခံပုံ မြင်ကွင်းတွေကို တင်ဆက်ပေးမှာပါ။ ယူရို ၂၀၁၆ ဗိုလ်လု ပွဲမှာ ပေါ် တူဂီက အိမ်ရှင် ပြင်သစ်ကို အဲဒါ သွင်းတဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ရသွား တာပါ။ ပေါ်တူဂီ အတွက် တော့ ယူရို ချန်ပီယံဆုကို ပထမဆုံး ကိုင်မြှောက်ခွင့်ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချန်ပီယံ ဖြစ်လို့ ပေါ်တူဂီတို့ရဲ့ ၄၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ခွင့် ရသွားပါတယ်။ ပဲရစ်မှာ ကွင်းထဲအထိ သွားရောက် အားပေးခဲ့တဲ့ ပေါ်တူဂီ ပရိတ်သတ်တချို့ကတော့ ရော်နယ်ဒို ထွက်သွားလို့ ကျနော်တို့အသင်းက ပိုပြီး စိတ်ဓါတ် တောင့်တင်သွားပါတယ်လို့ ပြောပါတယ်။ ပြင်သစ်လို အသင်းမျိုးကို အနိုင်ယူနိုင်လို့ အတိုင်းမသိ ၀မ်းသာရပြီး အခုဆိုရင် ဥရောပ ချန်ပီယံ ဖြစ်ခွင့် ရပါပြီလို့လည်း ဆိုပါတယ်။ ပေါ်တူဂီ အသင်း သားတွေရဲ့ ကွင်းထဲကို ပြန်အထွက်မှာ ပရိတ်သတ်တွေ ထောင်ချီ စုံရုံးပြီး ဂုဏ်ပြု အားပေး ခဲ့ပါတယ်။ နာမည်ကြီး တိုက်စစ်မှူး ရော်နယ်ဒိုအတွက်လည်း ယူရို ချန်ပီယံဆုကို ပထမဆုံး ကိုင်မြှောက်ခွင့် ရရှိသွားပါတယ်။ အနိုင်ဂိုး သွင်းပေးတဲ့ အယ်ဒါဟာလည်း ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ လူစားဝင် လာပြီး ဂိုးသွင်းတဲ့သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အလား တူ ပေါ်တူဂီရဲ့ အောင်ပွဲကို မြို့တော် လစ္စဘွန်းက ပရိတ်သတ်တွေ လည်း သောင်းနဲ့ချီပြီး စုရုံး အောင်ပွဲခံ ခဲ့ပါတယ်။ သမိုင်းဝင် အောင်ပွဲအတွက် လစ္စဘွန်မြို့လယ်မှာ ပေါ်တူဂီ နိုင်ငံသားတွေ နာရီပေါင်းများစွာ အောင်ပွဲခံတာတွေ ပြုလုပ်ခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် ပေါ်တူဂီအသင်းဟာ ပြင်သစ်အသင်းကို နောက်ဆုံး(၁၀)ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ရပ်တန့်နိုင်ခဲ့ပါတယ်။ Portugal Fan
ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ပြင်သစ်တိုက်စစ်မှူး အန်တိုနီ ဂရစ်မန်းက ရရှိသွားပါ တယ်။ တိုက်စစ်မှူး ဂရစ်မန်းဟာ သွင်းဂိုး စုစုပေါင်း ၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိသွားတာပါ။ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂရစ်မန်းဟာ ပွဲစဉ် (၇)ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းယူတဲ့အပြင် အသင်းဖော်တွေ ၂ ဂိုးရအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်း တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ၃ ဂိုး သွင်းယူနိုင်ပြီး အသင်းဖော်တွေကို ၃ ဂိုးရအောင် ကူညီနိုင်ခဲ့ပါ တယ်။ ဒါကြောင့် ယူရိုပြိုင်ပွဲရဲ့ ဒုတိယ သွင်းဂိုးအများဆုံးသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ပေါ်တူ ဂီက အသက် ၁၈ နှစ်အရွယ် ကွင်းလယ်သမား ရီနာတို ဆန်းချက်ဇ်ကတော့ ယူရိုပြိုင်ပွဲရဲ့ အကောင်း ဆုံးလူငယ် ကစားသမားဆုကို ရရှိသွားပါတယ်။ ဆန်းချက်ဟာ ယူရိုပြိုင်ပွဲတလျှောက်မှာ ဂိုးသွင်း ယူနိုင်တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်း ၀င်သွားပါ တယ်။
ဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့် ရော်နယ်ဒို ထွက်လိုက်ရတာက အနိုင်ရအောင် ကစားခြင်တဲ့ စိတ်ဓါတ် တွေကို ပိုပြီး ပြင်းထန်ခဲ့တယ်လို့ ဗဟို နောက်ခံလူ ကစားသမား ပီပီ က ပြောပါတယ်။ ရော်နယ်ဒို ပွဲကနေ ထွက်လိုက်ရတဲ့နောက်မှာ သူ့အတွက် ဒီပွဲကို အနိုင်ကစားကြဖို့ တခြား အသင်းဖော်တွေကို တိုက်တွန်းခဲ့တယ်လို့ ပီပီက ပြောပါတယ်။ နည်းပြ ဆန်းတို့စ်ကလည်း ရော်နယ်ဒိုရဲ့  ခေါင်းဆောင်မှု စွမ်းရည်ကို ချီးကျူးစကား ပြောပါတယ်။ ဒဏ်ရာကြောင့် မကစားနိုင်တဲ့ ရော်နယ်ဒိုဟာ အသင်း ခေါင်းဆောင်တယောက်အနေနဲ့ အသင်းသားတွေ စိတ်ဓာတ်မကျအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်လို့ ဆန်းတော့စ်က ပြောပါတယ်၊ ရော်နယ်ဒိုဟာ တချို့ ဝေဖန်နေသလိုမျိုး မဟုတ်ဘဲ အသင်းစိတ်ဓာတ်ကို ဒီပွဲမှာ သက်သေပြခဲ့တယ်လို့ နည်းပြက ဆိုပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးကွင်းထဲကို ပြန်မ၀င်နိုင်တော့ဘဲ ကွင်းဘေးမှာ ရှိနေပြီး အသင်းသားတွေကို စိတ်ဓါတ် တက်ကြွအောင် လှုံ့ဆော်ပေးသလို နည်းပြ ဖြစ်တဲ့ သူ့ကိုလည်း ကူညီအားပေးခဲ့တယ်လို့ ဆိုပါတယ်ရှင်။ NB Ronaldo Out
ပေါ်တူဂီအသင်း ယူရိုချန်ပီယံအဖြစ် အောင်မြင်မှုရတဲ့အပေါ် မ န်ယူနည်းပြဖြစ်တဲ့မော်ရင်ဟိုကလည်း လူမှုကွန်ရက်စာမျက်နှာကနေ ချီးကျူးအားပေးခဲ့ပါတယ်။
ပေါ်တူဂီနိုင်ငံသားဖြစ်တဲ့ မော်ရင်ဟိုဟာ မန်ယူအသင်းနဲ့အတူရာသီကြီုလေ့ကျင့်ရေးအစီအစဉ်တွေ ပြု လုပ်နေတာဖြစ်ပြီးသူ့ရဲ့ Instagramအကောင့်ကနေ ပေါ်တူဂီမာဖလာကိုကိုင်မြှောက်ပြီး ပေါ်တူဂီရဲ့ အောင်မြင်မှုကိုအားပေးခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုက ဥရောပဖလားချန်ပီယံနိုင်ငံကို အလည်လာမယ် ဆိုရင် ပေါ်တူဂီနိုင်ငံကိုလာပါ ဆိုပြီးသူ့ရဲ့ Instagramအကောင့်ကနေရေးသားခဲ့တာပါ။ပေါ်တူဂီအ သင်းဟာ ယူရိုပြိုင်ပွဲ ၇ကြိမ်မြောက်အဖြစ်ဝင်ပြိုင်ခွင့်ရတဲ့ ဒီနှစ်ယူရိုပြီုင်ပွဲမှာတော့ ပထမဆုံးအဖြစ် ချန်ပီယံဖ လားရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယူရိုချန်ပီယံဖလားရရှိခဲ့တာဟာ ကစားသမားဘ၀သက်တမ်းတစ်လျှောက် ပျော်စရာအကောင်းဆုံး အခိုက်အတန့်တစ်ခုဖြစ်တယ်လို့ စီရော်နယ်ဒိုကပြောဆိုလိုက်တဲ့ သတင်းကို တင်ဆက်ပေးဦးမှာပါ။
ချန်ပီယံဖလားရယူနိုင်ခဲ့တာဟာ ဘယ်တော့မှမေ့လို့မရတဲ့ အခိုက်အတန့်ဖြစ်ပြီး နည်းပြနဲ့အသင်းဖော်တွေကိုလည်းကျေူးဇူတ င်တယ်လို့ ရော်နယ်ဒိုက ပြေါတယ်။ ယူရိုချန်ပီယံဖလားကို ၂၀၀၄ခုနှစ်ကတည်းကလိုချင်ခဲ့တာဖြစ်ပြီး ယူရိုဆုဖလားဟာ ပေါ်တူဂီနိုင်ငံ သားတွေ၊ကစာသမားတွေနဲ့ထိုက်တန်တဲ့ဆုလာဘ်တစ်ဖြစ်တယ်လို့လည်း စီရော်နယ်ဒိုကဆိုပါတယ်.
စီရော်နယ်လ်ဒိုဟာ ယူရိုချန်ပီယံဆုကို ရယူနိုင်တဲ့အတွက် ဘာစီလိုနာမှာ ကစားနေတဲ့ တိုက်စစ်မှူး မက်ဆီထက် ဆုဖလားမှတ်တမ်းမှာ အသာစီး ရယူနိုင်ခဲ့ပါတယ်။